ဤဘလော့သည် ရိုးမ ၃ ၏ မူလ၀ဘ်ဆိုက် ပြင်ဆင်နေချိန်တွင် ယာယီအသုံးပြုပြီး ပရိသတ်များကို တင်ပြနေခြင်းဖြစ်တဲ့အတွက် စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါသည်။
ရိုးမ ၃ ဝိုင်းတော်သားများ

Jun 10, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဘာသာပေါင်းစုံဆုတောင်းပွဲ ပြုလုပ်

Tuesday-19 May 2009 ဉာဏ်မောင်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲကို ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆုဆောင်းပွဲကို မယ်တော်ဆေးခန်းတွင် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပြီး မဲဆောက်ဒေသတွင်းရှိ ရွှေ့ပြောင်းမြန်မာကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် လူမှုအထောက်အကူပြု အဖွဲ့အစည်းအသီးသီးမှ အင်အား ၃၀၀ ခန့် တက်ရောက်ခဲ့သည်။



ဝတ်ပြုဆုတောင်းပွဲ

ဆုတောင်းပွဲမြင်ကွင်း
ဆုတောင်းပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ကရင်အမျိုးသမီးများအစည်းအရုံး(KWO) အထွေထွေအတွင်းရေးမှူး နမ့်ဒါးအဲ့ကလယ်က “ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားခြင်းအပေါ်မှာ စစ်အစိုးရအနနဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ပြစ်မှုကို ကျူးလွန်တာဖြစ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တောင်းဆိုတာဖြစ်ပြီး အမေရိကန်အစိုးရအနေနဲ့လည်း တာဝန်ရှိပြီး ဖြေရှင်းပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ဒီလိုဆုတောင်းပွဲ လုပ်တာပါ” ဟု ပြောသည်။

ယခုလက်ရှိ ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရအာဏာပိုင်များက ထပ်မံတရားစွဲဆိုမှုများ ပြုလုပ်နေခြင်းနှင့် နိုင်ငံရေးအကျဉ်းသား ၂ ထောင်ခန့်မှာလည်း လွတ်လပ်စွာ နေထိုင်ရခြင်းမရှိဘဲ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်နေရသည့် အနေအထားဖြစ်နေသည်ဟု ဒေါက်တာစင်သီယာမောင်က ပြောသည်။

“မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရရှိမှ နယ်စပ်မှာရောက်နေတဲ့ မြန်မာပြည်သားတွေဟာ ကိုယ့်နိုင်ငံမှာကိုယ် အေးအေးဆေးဆေး ပြန်နေနိုင်မှာဖြစ်တယ်၊ ကျမတို့နိုင်ငံရဲ့ တည်ငြိမ်းအေးချမ်းမှုမရှိတဲ့ အခြေအနေမှာ ခေါင်းဆောင်တွေကို လွတ်လွတ်လပ်လပ်နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ပြုဖို့၊ အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ တိုင်းရင်းသားခေါင်းဆောင်များ၊ NLD အဖွဲ့ဝင်များနှင့် ဆွေးနွေးပြီး နိုင်ငံရေးပြဿနာများကို ဖြေရှင်းရမည့်အစား ယခုကဲ့သို့ ထောင်သွင်းအကျဉ်းချထားခြင်းသည် တိုင်းပြည်အတွက် ရှက်စရာကောင်းသည့်အပြင် ယခုအခြေအနေအပေါ် နိုင်ငံတကာကလည်း ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

စစ်အစိုးရအာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သက်တမ်း ပြည့်ခါးနီးအချိန်တွင် အမေရိကန်နိုင်ငံသားတဦး နေအိမ်အတွင်းသို့ ဝင်ရောက်လာခြင်းကို လက်ခံသည်ဟုဆိုကာ ယမန်နေ့မှစတင်၍ ရုံးတင်စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိပြီး အင်းစိန်ထောင်အတွင်း ထိန်းသိမ်းထားသည်။

No comments:

Post a Comment